Museum of Contemporary Art တွင်သာ ရှိသည့် 「R106 ကြမ်းပြင်စာကြည့်တိုက်」ဖွင့်ပါပြီ။
「Brilliant Times-အရှေ့တောင်အာရှစာအုပ်ဆိုင်」က Museum of Contemporary Art နှင့် ပူးပေါင်း၍ “ခရီးစဉ်မဟုတ်သော” ပြပွဲကို ပြတိုက်၏မြေညီထပ် R106 တွင် ထိုင်ပေဘူတာ ပြောက်ကျားကြမ်းပြင်စာကြည့်တိုက်ပုံစံဖြင့် ပြန်လည် ပုံဖော်ထားသည်။ အနုပညာကို အကြောင်းပြု၍ မိတ်ဆွေနှင့်အတူ ကြမ်းပြင်မှာထိုင်၊ စာအုပ်လေးဖတ်တဲ့နည်းဖြင့် လာဆုံကြရအောင်။ ပြပွဲချိန်အတွင်း အရှေ့တောင်အာရှနိုင်ငံများက စာအုပ်များကို လာဖတ်နိုင်သလို တနင်္ဂနွေနေ့တွင် စာအုပ်ငှားသည့်ဝန်ဆောင်မှုနှင့် သီးသန့်ဧည့်လမ်းညွှန်ပွဲများလည်း ရှိသေး၍ လာရောက်ပါဝင်ဆင်နွှဲကြပါရန် ဖိတ်ခေါ်ပါသည်။
●သတိပြုချက်
၁။ "ပြင်းထန်သော အထူးကူးစက်အဆုတ်ရောင်ရောဂါ (COVID-19)" ဆိုင်ရာ ပြပွဲတွင်း
ကပ်ရောဂါကာကွယ်မှုလုပ်ဆောင်ချက်များကို ပြတိုက်၏ သတ်မှတ်ကြေညာချက်အတိုင်း လုပ်ဆောင်သွားမည်။
၂။ A4 စာရွက်ထက်ကြီးသည့် အရာများကို ပြပွဲမဝင်မီ ပြတိုက်၏ပစ္စည်းထားခန်းတွင် သွားထားပါ။ အဖိုးတန်ပစ္စည်းများကို ကိုယ်နှင့်မကွာ ယူဆောင်သွားပါ။
၃။ ပြပွဲတွင်း အချိန်ပြည့် နှာခေါင်းစည်းတပ်ဆင်ထားပြီး စားသောက်ခြင်း သည်းခံပါ။
၄။ ပြပွဲချိန်တွင်း အသံသွင်းခြင်း၊ ဗွီဒီယိုမှတ်တမ်းယူခြင်းနှင့် လိုက်ဖ်လွှင့်ခြင်းများ သည်းခံပါ။ ဓာတ်ပုံရိုက်၍ ရသည်။ ဖလက်မီး ပိတ်ထားပါ။ လက်ကိုင်ဖုန်းကို အသံတိတ် သို့မဟုတ် တုန်ခါမှုပုံစံ ပြောင်းထားပါ။
၅။ ထိုင်ဖုန်းကဲ့သို့ သဘာဝဘေးအန္တရာယ် သို့မဟုတ် မလွန်ဆန်နိုင်သောအကြောင်းများ ပေါ်ပေါက်ခဲ့ပါက ထိုင်ပေအစိုးရ၏ သတ်မှတ်ကြေညာချက်များအတိုင်း ဖျက်သိမ်းခွင့် ရှိသည်။ ထပ်မံ အကြောင်းမကြားပါ။
၆။ ပြတိုက်တွင် အစီအစဉ်၏ပြောင်းလဲခွင့် ရှိသည်။ ကူးစက်ရောဂါအခြေအနေကြောင့် ပြပွဲချိန်ပြောင်းခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် အခြားနည်းဖြင့် အစားထိုးပါက ပြတိုက်၏ တရားဝင်ဝက်ဘ်ဆိုက်နှင့်FBတွင် ကြေညာသွားမည်။